လျှောက်ထားသူများသည် အောက်ပါအချက်များနှင့် ပြည့်စုံရမည်-
- ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား(အမျိုးသား)ဖြစ်ရမည်။
- လျှောက်ထားချိန်တွင် အသက် ၁၈ နှစ်ပြည့်ပြီး ၂၅ နှစ်ထက်မကြီးရ။
- အရပ် ၅ ပေ၊ ၂ လက်မနှင့် ကိုယ်အလေးချိန် ၁၀၅ ပေါင်နှင့်အထက် ရှိရမည်။
- တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ၊ တက္ကသိုလ်/ကောလိပ်မှ ဘွဲ့တစ်ခုခုရရှိပြီး သတ်မှတ်ချက်နှင့်ကိုက်ညီသူဖြစ်ပါက အထူးကိစ္စတစ်ရပ်အနေဖြင့် အသက်(၃၀)နှစ်အထိ ခွင့်ပြုမည်။
- ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
တပ်မတော်(လေ)တွင် အောက်ဖော်ပြပါစက်မှုလက်မှုနှင့် အုပ်ချုပ်ရေးစစ်သည် များအဖြစ် အမှုထမ်းရန် လျှောက်ထားနိုင်သည်-
►ပညာသည်(က)အုပ်စု
- တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးသူများ ဖြစ်ရမည်။
- စက်မှုလက်မှုအထက်တန်းကျောင်း အောင်မြင်ပြီးသူများ ဖြစ်ရမည်။
- (အေဂျီတီအိုင်ကို စက်မှု(စွမ်းအား)၊ စက်မှု(ပုံစံပြု)၊ သတ္တုဗေဒ၊ လျှပ်စစ်စွမ်းအား၊ အီလက်ထရောနစ်၊ စက်မှုအီလက်ထရောနစ်၊ ကွန်ပျူတာဘာသာရပ်များဖြင့် အောင်မြင်ပြီးသူများအား တပ်သားသစ် သင်တန်း တက်ရောက် အောင်မြင်ပြီးပါက တပ်ကြပ်ကြီးအဆင့်ဖြင့် ခန့်အပ်မည်။)
►ပညာသည်(ခ)အုပ်စု။ အဌမတန်းအောင်ဖြစ်ရမည်။
►ပညာသည်(ဂ)အုပ်စု။ ဆဌမတန်းအောင်ဖြစ်ရမည်။