ရရှိမည့်အခွင့်အရေး

  •  နေထိုင်ရန်နေအိမ်လိုင်းခန်းနှင့် ရေ/မီးအခမဲ့စီစဉ်ပေးမည်။
  •  မိသားစုအပါအဝင် ဆေးကုသခွင့်အခမဲ့ရရှိမည်။
  • ထုတ်ပြန်ထားသောအဆင့်တိုးမြှင့်ရေးစည်းမျဉ်းနှင့်အညီ အဆင့်တိုးမြှင့် ရရှိမည်။
  • ဆဋ္ဌမတန်းအောင်မြင်၍ တပ်မတော်အတွင်းသို့ ဝင်ရောက်လာသည့် စစ်သည်များအနေဖြင့် တပ်မတော်ပညာရေးကျောင်းများတွင် မိမိ အတန်းပညာအလိုက် တက္ကသိုလ်ဝင်တန်းအောင်မြင်သည်အထိ ပညာ သင်ကြားနိုင်ပြီး  ဆက်လက်၍ ဘွဲ့ရသည်အထိ သင်ယူနိုင်ခွင့်ရှိသည်။
  • တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး တပ်မတော်အတွင်းသို့ ဝင်ရောက်၍ ခြေလျင်/ခြေမြန်တပ်ရင်းများတွင် စစ်မှုထမ်းသက် (၁)နှစ်ပြည့်မြောက်သူ၊ တပ်မတော်သို့ ဝင်ရောက်တာဝန်ထမ်းဆောင်နေစဉ် တက္ကသိုလ်ဝင် တန်းစာမေးပွဲဖြေဆိုအောင်မြင်သူ တပ်သားအဆင့် စစ်သည်များအား သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံပါက ဒုတိယတပ်ကြပ်အဆင့် သို့ အဆင့်တိုးမြှင့်ပေးမည်။
  • အစိုးရတက္ကသိုလ်(အဝေးသင်တက္ကသိုလ်အပါအဝင်)၊ ကောလိပ်များမှ ဘွဲ့ရရှိပြီးနောက် ခြေလျင်/ခြေမြန်တပ်ရင်းများနှင့် လက်ရုံး/ဝန်ထမ်း တပ်များသို့ ဝင်ရောက်စစ်မှုထမ်း၍ သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံပြီး စစ်မှုထမ်းသက်(၁)နှစ်ပြည့်ပါက ဒုတိယတပ်ကြပ်အဆင့်သို့ လည်းကောင်း၊ ဒုတိယတပ်ကြပ်အဆင့်ဖြင့် (၄)နှစ်အမှုထမ်းပြီးပါက တပ်ကြပ်အဆင့်သို့လည်းကောင်း အဆင့်တိုးမြှင့်ပေးမည်။
  • စစ်မှုထမ်းသက်(၅)နှစ်ပြည့်မြောက်သော တပ်ကြပ်နှင့်အထက်အဆင့် ရရှိပြီးသူများသည် အသက်(၂၈)နှစ်အထက် မကျော်လွန်ပါက ဗိုလ်လောင်းသင်တန်းသို့ ဝင်ရောက်ဖြေဆိုခွင့်ရှိသည်။
  • တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီးသော တပ်သားသစ်များသည် ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေးသင်တန်း တက်ရောက်နိုင်ပြီး သတ်မှတ်ထားသည့် စစ်မှုထမ်းသက်(၈)နှစ်ပြည့်မြောက်၍ အသက် (၂၈)နှစ်မကျော်လွန်ပါက ဗိုလ်လောင်းသင်တန်းဖြေဆိုနိုင်သည်။
  • တပ်ကြပ်ကြီး/စာရေးအဆင့်ဖြင့် ဘွဲ့တစ်ခုခုရရှိ၍ စစ်မှုထမ်းသက် (၆)နှစ်ပြည့်မြောက်ပြီး အသက်(၂၈)နှစ်မကျော်လွန်ပါက ဗိုလ်လောင်း သင်တန်းဖြေဆိုနိုင်သည်။ ထို့အပြင် သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီ ပါက နိုင်ငံခြားရှိ မြန်မာစစ်သံရုံးများတွင် သွားရောက်တာဝန်ထမ်း ဆောင်နိုင်မည့် အခွင့်အလမ်းများလည်းရှိသည်။
  • နှစ်သက်ရာအားကစားနည်းများတွင် ပါဝင်နိုင်ပြီး ထူးချွန်သူများအား တပ်မတော်အဆင့်မှ နိုင်ငံတော်နှင့် နိုင်ငံတကာအဆင့်အထိ ပါဝင်ခွင့် ရှိသည်။